ဇလွန် ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းခြင်း၊ RS မျိုးစေ့ပေးအပ်ခြင်းနှင့် (Drum Seeder) မျိုးစေ့ချကိရိယာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ဖက်သောင်ကျေးရွာအုပ်စု တောင်သူဦးရွှေထူး၏လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် တာဝန်ရှိသူများက မျိုးစေ့ထုတ်တောင်သူများထံသို့ RS မျိုးစေ့များ၊ (Drum Seeder) မျိုးစေ့ချကိရိယာများ ပေးအပ်ခဲ့သည်။ ယင်းနောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးက သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းခြင်းအပေါ် NPK ပါဝင်မှုကို တွက်ချက် ရှင်းလင်းပြသခဲ့ပြီး တောင်သူဦးရွှေထူး၏လယ်မြေ(၁၀)ဧကတွင် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းထွန်ယက်နေမှုအား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဝေယံ-ဇလွန်