ငပုတော ဇွန် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အ.ထ.ကပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်၊ ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို အ.ထ.ကပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်း၊ စုဝေးကွင်းတွင် ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအ.ထ.ကပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများမှ ကျောင်းကောင်စီသီချင်းအား သံပြိုင်သီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး အ.ထ.ကပြင်ခရိုင် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက်ကျောင်းကောင်စီ ဒုဥက္ကဋ္ဌက ကျောင်းကောင်စီ အမှုဆောင်အဖွဲ့အမည်စာရင်းကို ဖတ်ကြားခဲ့ပြီး ကျောင်းကောင်စီ အမှုဆောင်အဖွဲ့ကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံးသစ္စာ ခံယူခြင်းကို Grade-11 မှ ကျောင်းကောင်စီ အတွင်းရေးမှူး မောင်သူရမင်းထင်က ဦးဆောင် တိုင်ကြားသည်။
ဆက်လက်ပြီး တာဝန်အထိမ်းအမှတ်အလံများ ပေးအပ်ခြင်းနှင့် လက်ခံရယူခြင်းကို ကျောင်းအုပ်ဆရာကြီးနှင့် အသင်းတာဝန်ခံ ဆရာ/ဆရာမများကပေးအပ်ရာ အသင်းခေါင်းဆောင်များက အသီးသီးလက်ခံရယူခဲ့ကြပြီး နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင် သီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ