ကျောင်းကုန်းမြို့၌ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးပွဲကျင်းပ

ကျောင်းကုန်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်အုပ်စု၊ ကညင်သုံးဆင့်ကျေးရွာကွင်းအမှတ် ၂/၃၈၆-B၊ ဦးပိုင်အမှတ် ၁၁၉/၂၊ တောင်သူ ဦးတင်ထွန်း၏ လယ်မြေဧက(၄.၀၀)ဧက၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးပြသခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါမျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးပြသပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးနှင့်စိုက်ပျိုးရေး ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်‌တောင်သူများ တက်ရောက်ခဲ့ကြပြီး၊ မျိုးစေ့ချကိရိယာ Drum Seeder အလက် (၁၀)လက်ဖြင့် စိုက်ပျိုးပြသခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်