ညောင်တုန်း ဇွန် ၁၆
ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးဆွေးနွေးပွဲနှင့် စာအုပ်စာပေလှူဒါန်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centerခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် စာအုပ်စာပေလှူဒါန်းပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်များကိုရှင်းလင်းပြောကြား၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ဇာခြည်အောင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အမျိုးသမီးစာဖတ်ဝိုင်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များအတွက် စာကြည့်တိုက်ကော်မတီများထံ တာဝန်ရှိသူများက စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)