မြဝတီတွင် ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

မြဝတီ ဇွန် ၁၇

မြဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းကို အ.ထ.က(၁) မြဝတီ၌ ယနေ့နံနက် (၁၀) နာရီက ဆောင်ရွက်သည်။

ထိုသို့ နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေနိုင်သည့် သုတ/ရသစာအုပ်၊ စာစောင်များကို လေ့လာဖတ်ရှုနိုင်ခြင်း၊ စာဖတ်သည့်အလေ့အထများ တိုးပွားလာစေနိုင်ခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်၊ စာစောင်များကို စာကြည့်တိုက်သို့သွားရောက်၍ ရှာဖွေဖတ်ရှုတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြစာအုပ်များ၊ ပုံပြင်စာအုပ်များ၊ စာစောင်များ စသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်၊ စာစောင် (၁၅၀) အုပ် သယ်ဆောင်၍ သွားရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး Grade-4 မှ ကျောင်းသား/ ကျောင်းသူ (၁၂၀) ဦး လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)