ချောက်မြို့နယ်တွင် (Pfizer JN.1) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်

ချောက် ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊‌ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကျန်းမာရေးဦးစီး​ဌာနဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက (Pfizer JN.1) အမျိုးအစား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ၆ လကျော်သူ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှုမှ ကာကွယ်ရန် ထိရောက်မှုရှိသဖြင့် နိုင်ငံ့ဝန်ထမ်းများအား ထိုးနှံပေးခဲ့‌ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)