မင်းလှ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာမာအေးက ဆေးလိပ်၊ ဆေးရွက်ကြီး အန္တရာယ်နှင့် ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ၊ ဆေးလိပ်၏ဆိုးကျိုးများ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်တို့ကို အသိပညာပေး ဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ စိတ်ကျန်းမာရေးဆိုင်ရာများနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင် (၅) ဦး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်း (၁၀၈) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်