မင်းလှ ဇွန် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသားသမီးများအား ပညာသင်ကြေးထောက်ပံ့ကြေးပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝန်ထမ်းသားသမီးများအား ပညာသင်ကြေးထောက်ပံ့ပေးအပ်ပွဲပြုလုပ်ခဲ့ရာ တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား/ကျောင်းသူ (၇)ဦးအား တစ်ဦးလျှင် ငွေကျပ်(၃၀,၀၀၀/-)၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၁၂ )ဦးအား တစ်ဦးလျှင် ငွေကျပ် (၂၀,၀၀၀/- )၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၅,၀၀၀/-)၊ မူလတန်းကျောင်းသား၊ ကျောင်းသူ(၇)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၀,၀၀၀/-) စုစုပေါင်း ငွေကျပ်(၇,၀၀၀,၀၀၀/-)အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်တို့က ဝန်ထမ်းသား၊ သမီးများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်