ကံမမြို့နယ်၌ ငှက်ဖျားရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးခြင်းနှင့် ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေ

ကံမ ဇွန် ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ငှက်ဖျားကူးစက်မှုများပြားသောကျေးရွာများသို့ကွင်းဆင်း၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက အသိပညာပေးကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လည်က အလယ်ချောင်းကျေးရွာနှင့် စီကျေးရွာတို့တွင် ငှက်ဖျားပိုးကူးစက်မှု ရှိ မရှိ ရွာလုံးကျွတ်သွေးဖောက်စစ်ဆေးခြင်း၊ ဆေးစိမ်ခြင်ထောင်ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလယ်ချောင်းကျေးရွာ၌ သွေးဖောက်စစ်ဆေးသူ(၃၉၅)ဦးနှင့် ဆေးစိမ်ခြင်ထောင် အလုံး (၃၅၀) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စီကျေးရွာတွင် ငှက်ဖျားစစ်ဆေးသူ(၁၈၂)ဦး၊ ဆေးစိမ်ခြင်ထောင် အလုံး(၁၈၂)လုံးတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ငှက်ဖျားရောဂါနှင့်သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)