ငါးသိုင်းချောင်း ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးမျိုးစေ့ချကရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ငါးသိုင်းချောင်းမြို့၊ မအူကုန်ကျေးရွာ၊ ကွင်းအမှတ် 903B၊ ဦးပိုင်အမှတ် (19/1) တောင်သူဦးကုသိုလ်၏ လယ်မြေ (4:00)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်တို့က ကျေးရွာရှိတောင်သူလယ်သမားများနှင့်တွေ့ဆုံကာ ပြည်တွင်း စားနပ်ရိက္ခာ ပြည့်စုံဖူလုံရေးနှင့် ပြည်ပတင်ပို့မှုတို့အတွက် လျာထားချက်ပြည့်မီကျော်လွန်စေရန် ပန်းတိုင်အထွက်နှုန်း စပါးတင်း ၁၀၀ နှင့် အထက်ထွက်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မိုးစပါးမျိုးစေ့ချ သရုပ်ပြခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးရဲလင်းထိုက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ထွန်းလင်း၊ ငါးသိုင်းချောင်းမြို့ဦးစီး ဒေါ်လှမြင့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူ(45)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)