လဟယ် ဇွန် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လဟယ်မြို့တွင် မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ်ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ဖြေဆိုလျက်ရှိရာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းထွန်း၀င်းနှင့် စီမံအဖွဲ့၀င်များ၊ဒေသပညာရေးမှူး ဦးထိန်လင်း၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့်အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဦးအောင်လှိုင်၀င်းတို့က တက္ကလိုလ်၀င်စာမေးပွဲ ဒုတိယအကြိမ်ပြန်လည်ဖြေဆိုမည့် ကျောင်းသားများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၅ခုနှစ် တက္ကလိုလ်၀င် စာမေးပွဲဒုတိယအကြိမ် ပြန်လည်ဖြေဆိုကြရာတွင် စာရင်းရှိ (၂၃၅) ဦးဖြစ်ပြီး ပြန်လည်ဖြေဆိုသူကျား (၈၈) ဦး၊ မ (၁၄၅) ဦး စုစုပေါင်း (၂၃၃) ဦးဖြေဆိုပြီးပျက်ကွက် မှာကျား (၁) ဦး၊ မ (၁) ဦးပေါင်း(၂) ဦးပျက်ကွက်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)