အင်္ဂပူ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မကျည်းကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုးခြင်း Drum Seeder စံပြစိုက်ပျိုးပွဲပြုလုပ်ခဲ့သည်။
Drum Seeder ဖြင့် စိုက်ပျိုးခြင်းကို မကျည်းကုန်းကျေးရွာရှိ ကွင်းအမှတ်၇၅၈(က)၊ ဦးပိုင် ၃၀၄ရှိ တောင်သူ ဦးစိုးနိုင်ဦး၊စိုက်ဧက(၂) ဧကတွင်ပြုလုပ်ရာ မြန်အောင်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ Drum Seeder ဖြင့်စိုက်ပျိုးရာသို့ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ. ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)