အင်္ဂပူမြို့တွင် အမှိုက်အမျိုးအစားခွဲခြားခြင်းနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်း အသိပညာပေးဟောပြော

အင်္ဂပူ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် ယမန်နေ့နေ့လည်ပိုင်းက အမှိုက်အမျိုးအစားခွဲခြားခြင်း၊ အမှိုက်ပုံးအ‌အရောင်ခွဲသတ်မှတ်ခြင်း အသိပညာပေးဟောပြောခြင်းကို မြို့မဈေးရှေ့တွင် လည်းကောင်း၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ရုံး‌ရှေ့နှင့် အ-ထ-က(အင်္ဂပူ) ကျောင်းရှေ့တို့တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှု့ဆောင်အရာရှိ ဦးနေမျိုးအောင်က ‌သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်စေရန် အမှိုက်အမျိုးအစား စနစ်တကျခွဲခြားခြင်းစွန်ပစ်‌ရေးနှင့် အမှိုက်ပုံးအရောင်သတ်မှတ်ခြင်းတို့ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာ‌သည့် ဈေးသူ၊ ဈေးသားများမှ သိလို၍မေးမြန်းမှုများအား ရှင်းလင်းဖြေကြာခဲ့သည်။

အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်​တတ် စေရန်အတွက်အမှိုက်စို (Wet Waste)တွင် မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရည်သုံး သန့်ရှင်းရေးပစ္စည်းများပါဝင်သည့် အမှိုက်များအား အမှိုက်ပုံးအစိမ်းရောင်တွင်လည်းကောင်း၊ အမှိုက်ခြောက်(Dry Waste)တွင် ခြောက်သွေ့သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတို သံစ၊ ပိတ်စ၊သစ်သား စသည့် စွန်ပစ်ပစ္စည်းများအား စွန့်ပစ်ရန်အဝါရောင်ပုံးအား လည်းကောင်း၊ ပလတ်စတစ်အမှိုက်(Plastic Waste)အတွက် ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်ပုံးတွင် စွန့်ပစ်ရန်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်များအား အနီရောင်ပုံးတွင် အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဆေးဖြန်းရည်များ စသည့် ဘေးအန္တရာယ်ရှိနိုင်သည့် အရာများအား စွန့်ပစ်ရန်သတ်မှတ်ထား‌ကြောင်းနှင့် အဆိုပါအသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဈေးသူ‌၊ ဈေးသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)