ရွှေတောင်မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု  စတီးသံပန်းသံဂဟေဆက် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရွှေတောင် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စတီးသံပန်း သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးဟန်မြင့်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဟံဝင်းအောင် တို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်ခိုင်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားများအား  သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို(၁၁.၆.၂၀၂၅)ရက်နေ့မှ (၁၁.၇.၂၀၂၅)ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ရာ တစ်ပိုင်တစ်နိုင် မိသားစုစီးပွားရေးဝင်ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။အဆိုပါသင်တန်းသို့ ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူးနှင့်ဝန်ထမ်းများ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကိုကိုမင်း