ကျွန်းလှမြို့နယ်၌ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး

ကျွန်းလှ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယနေ့နံနက် ၁၀ နာရီက ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးကြောင်း သိရသည်။

“ဒီနေ့ ကျွန်းလှမြို့နယ်ရှိ အင်းကောင်း၊ ကျီကုန်းကျေးရွာအုပ်စုနဲ့ ပျဉ်းမမြိုင်၊ သစ်ရာမြိုင်ရပ်ကွက်မှာရှိတဲ့ တောင်သူ ၁၂၈ ဦးကို မိုးသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေးပေးတာဖြစ်ပါတယ်။ စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာမှာ စပါးတစ်ဧကငွေကျပ် တစ်သိန်းခွဲနှုန်းနဲ့ ၃၀၃ ဧက၊ အခြားသီးနှံတစ်ဧက တစ်သိန်းနှုန်းနဲ့ ၄၅၇ ဧက အတွက် စုစုပေါင်းငွေကျပ် ၉၁၁ ဒသမ ၅၀ သိန်း ထုတ်ချေးပေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်မန်နေဂျာ ဒေါ်ချိုချိုဝင်းကပြောသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမှုအဖြစ် တောင်သူ ၃၂၀ ဦးအား စပါး ဧက ၁၅၀၊ အခြားသီးနှံ ဧက ၇၅၀ အတွက် ငွေကျပ် သိန်း သုံးထောင် ထုတ်ချေးရန် လျာထားကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ