ခန္တီး ဇွန် ၁၆
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဒုတိယအကြိမ်ပြန်လည်ဖြေဆိုခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ယနေ့နံနက် (၉) နာရီအချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ခန္တီး) စာစစ်ဌာနတွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကိုဇွန်လ (၁၆) ရက်နေ့မှ (၂၁) ရက်နေ့အထိ (၆) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယနေ့တွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိသည်။ ခန္တီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လအတွင်းကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား/သူပေါင်း (၄၀၄) ဦး ဖြေဆိုခဲ့ပြီး ဒုတိယအကြိမ်ပြန်လည်ဖြေဆိုရာတွင် (၃၉၆) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၈) ဦး ပျက်ကွက်ကာ ၉၈.၀၂ ရာခိုင်နှုန်း ဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာနေရာသို့ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးဇော်ငြိမ်းထိုက်၊ ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များက စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူ လေးများအား အချိုရေနှင့်မှုန့်များပေးအပ်ကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
ကမ်းကီး (ပြန်/ဆက်)