ဆိပ်ဖြူ ဇွန် ၁၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ ၂၀၂၅ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးနိုင်ရေး ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်အနေဖြင့် ဒေသ၏စားနပ်ရိက္ခာဖူလုံရေးနှင့် မိသားစုဝင်ငွေတိုးပွားစွာရရှိရေးတို့အတွက် ဒေသခံတောင်သူများက ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ကြပြီး ၂၀၂၅ ခုနှစ် မိုးသီးနှံကို စိုက်ပျိုးဆောင်ရွက်ရန် (၇၁၀၁၇)ဧက စိုက်ပျိုးဆောင်ရွက်နိုင်ရန် လျာထားဆောင်ရွက်ထားရှိပြီး ဒေသခံတောင်သူများအနေဖြင့် မေလနှင့် ဇွန်လတို့တွင် မိုးသီးနှံစိုက်ပျိုးရန် မိုးရွာသွန်းခဲ့ခြင်းကြောင့် ကုန်းစိုက်ပျိုးမြေနှင့် ဆည်ရေသောက် စိုက်ပျိုးမြေများ၊ မိုးကောင်းသောက်စိုက်ပျိုးမြေများတွင် မြေပြင်စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရန် စိုက်ပျိုးမည့်သီးနှံအလိုက် မျိုးကောင်းမျိုးသန့်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ချိတ်ဆက်ဖြန့်ဖြူးဆောင်ရွက်ပေးခဲ့ပြီး မိုးသီးနှံလျာထားချက် ပြည့်မှီစွာ စိုက်ပျိုးဆောင်ရွက်နိုင်ရေးတို့အတွက် သက်ဆိုင်ရာ ပေါင်းစပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)