ကန့်ဘလူမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယအကြိမ် အေးချမ်းစွာစတင်ဖြေဆို

ကန့်ဘလူ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ ဒုတိယအကြိမ် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန် ၁၆ ရက်နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁) စာစစ်ဌာန၌ မြန်မာ စာဘာသာရပ်ကို အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုလျက်ရှိရာ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုင်နိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးတို့က ကြီးကြပ်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်းကာ လုံခြုံရေးများဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ဆေးပေးခန်းဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် စာစစ်ဌာန (၂) ခုရှိရာ အ.ထ.က (၁)ကန့်ဘလူ စာစစ်ဌာန၌ ကျောင်းသား ၃၄၅ ဦး၊ ကျောင်းသူ ၄၂၂ ဦး၊ အထက ထန်းကုန်းစာစစ်ဌာနတွင် ကျောင်းသား ၄၇ ဦး၊ ကျောင်းသူ ၅၇ ဦး စုစုပေါင်း ၈၇၁ ဦးဝင်ရောက်ဖြေဆိုကြရာ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၉ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)