ကြံခင်း ဇွန် ၁၆
ဧရာဝတီုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်း၍ နေအိမ်အရောက် ကျောင်းအပ်နှံရေး စည်းရုံးခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံရန် ကျန်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူ ၇ ဦးအား မြို့နယ်စီံမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီံမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သောင်းထွဋ်လွင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင် (၂) ဦးကျော်ကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ တာဝန်ရှိများ၊ ပညာရေးဌာနမှ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ကျောင်းဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများလိုက်ပါ၍ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ၊ အုပ်ထိန်းသူများထံသို့သွားရောက်ပြီး ကျောင်းအပ်နှံမှုမရှိသည့် အခြေအနေ၊ မိသားစုအခက်အခဲများအား တွေ့ဆုံမေးမြန်းခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနိုင်ရေး ကွင်းဆင်းစည်းရုံးပြီး လိုအပ်သည်များအားပူးပေါင်း၍ ဆောင်ရွက်ပေးနိုင်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)