ဟင်္သာတမြို့နယ်၌ အမှိုက်များ စနစ်တကျစွန့်ပစ်ရေးနှင့် အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်

ဟင်္သာတ  ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ အမှိုက်()မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်ခြင်းကို ဇွန်လ(၁၄)ရက်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟင်္သာတမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်အောင်က မြို့နယ်အတွင်း အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်တတ်စေရန်အတွက် စျေးများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ လူစည်ကားရာနေရာများတွင် အမှိုက်ပုံးများထားရှိ၍ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရန် ဘေးအန္တရာယ်ရှိ အမှိုက်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက် စသည်တို့အားခွဲခြားစွန့်ပစ်စေရေး၊ "အမှိုက်ပုံး (၄)ပုံး "ထားရှိဆောင်ရွက်ရေးတို့အား အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စွာဝင်းက မိမိတို့ပတ်ဝန်းကျင် သာယာလှပစေရေးနှင့် အမှိုက်ခွဲခြားစွန့်ပစ်ပုံကို လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။ အဆိုပါ အမှိုက်()မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်နေရာသို့ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများမှ လေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)