ကန့်ဘလူ ဇွန် ၁၆
ကျောင်းသားကျောင်းသူများနှင့်ဒေသတွင်းရှိ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် ရည်ရွယ်ကာ စစ်ကိုင်းတိုင်းဒေးသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပန်းကြယ်သီးထိုးနည်းသင်တန်းကို ဇွန် ၁၃ ရက်မှ ၁၅ ရက်ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားပြီး သင်တန်းနည်းပြဆရာ ဒေါ်ရီရီခိုင်က သင်တန်းတွင်သင်ကြားပေးမည့် ပန်းကြယ်သီးပြုလုပ်နည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ ၂၀ ဦးတက်ရောက်ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ရီရီခိုင်က ဂျယ်လီပိုးစဖြင့် ပုဇဥ်းခေါင်း၊ အပွင့်၊ အခက်၊ အဖူးပြုလုပ်နည်းများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)