ဓနုဖြူ ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ အမှိုက် (၄) မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြသခြင်းကို ယမန်နေ့ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာတို့ပါဝင်သော ပူးပေါင်းအဖွဲ့များမှ မြို့နယ်အတွင်းရှိဌာနဆိုင်ရာရုံးများသို့သွားရောက်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်က အမှာစကားပြောကြားပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းအောင်သူက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် အန္တရာယ်ရှိအမှိုက်ဆိုပြီး (၄) မျိုးခွဲခြားထားပြီး အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ကြရန် သရုပ်ပြဆွေးနွေးပြောကြားပြီး လက်ကမ်းစာစောင်များဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)