ကညွတ်ကွင်းမြို့၌ ကလေးသူငယ်များအား ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းအချိန်တို သင်ကြားပေး

ဖြူး ဇွန် ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ပုပ္ပါးကျောင်းစာသင်တိုက်၌ ပညာပြည့်ဝနှလုံးလှ၍ ဓမ္မအမွေများ ပြန့်ပွားစေရန်ရည်ရွယ်၍ ကလေးလူငယ်များအား ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို တစ်ပတ်လျှင် တနင်္ဂနွေ နေ့တစ်ရက် အားလပ်ချိန်များတွင် အချိန်တိုအတွင်း သင်ကြားပေးနေလျက်ရှိကြောင်း  ပုပ္ပါးကျောင်း စာသင်တိုက် နာယကဆရာတော်ထံမှ သိရသည်။

အဆိုပါ  ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာဓမ္မစကူးလ်သင်တန်းကို(၁-၆-၂၀၂၅) ရက်နေ့မှ စတင်၍ တစ်ပတ်လျှင် တစ်ရက်တနင်္ဂနွေနေ့တိုင်း မွန်းလွဲ(၁)နာရီမှ (၄)နာရီအထိ အချိန်ပိုင်း သင်ကြားပို့ချပေးနေကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ဗုဒ္ဓဘာသာယဥ်ကျေးလိမ္မာ သင်တန်းများ သင်ကြားပေးနေလျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)