စစ်ကိုင်း ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနကကြီးမှူး၍ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းကို စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ငလျင်ကယ်ဆယ်ရေးစခန်း (စကုမှော်) တွင် (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မုန့်မျိုးစုံပြုလုပ်နည်းသင်တန်းတွင် စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်းများကရွှေကြည်ဆနွင်းမကင်း၊ ငှက်ပျောကောက်ညှင်းထုပ်၊ သီးစုံကျောက်ကျော၊ ငရက်ယို၊ နတ်သုဒ္ဒါစသည့် မုန့်မျိုးစုံပြုလုပ်နည်းများကို လက်တွေ့သင်ကြားပေးခဲ့ ကြသည်။
အဆိုပါသင်တန်းတွင် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ငလျင်ကယ်ဆယ်ရေးစခန်း (စကုမှော်) မှ အမျိုးသမီးငယ် (၂၅) ဦး တက်ရောက်ခဲ့ကြပြီး ဇွန်လ (၁၄) ရက်မှ (၁၅) ရက်အထိ (၂) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)