စစ်ကိုင်း ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီနှင့် OPK CLUB တို့ ပူးပေါင်း၍ ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ပိုးတန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလပ်အသင်းပေါင်းစုံ အမျိုးသား(အကြီးတန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် စစ်ကိုင်းမြို့မှ ကလပ်အသင်း (၁၂)သင်းက အုပ်စုပတ်လည်မှ ဗိုလ်လုပွဲအထိ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိကြမည့် အသင်းများအား တံခွန်စိုက်ဆုနှင့် ဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
နေလင်းအောင်(ပြန်/ဆက်)