ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန ကွင်းဆင်းစစ်ဆေး

ကျွန်းလှ ဇွန် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် စာစစ်ဌာနကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေးပညာရေးမှူးနှင့် တာဝန်ရှိသူတို့က စာမေးပွဲဖြေဆိုမည့် စာသင်ခန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေး ဆောင်ရွက်ရှိမှု၊ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့သည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုဘ်ဝင်စာမေးပွဲ (ပထမအကြိမ်) ဘာသာစုံဖြေခဲ့သည့် ကျောင်းသား၊ ကျောင်းသူ (၂၄၈) ဦးဖြစ်ကြောင်း၊ ယခုပြန်လည်ဖြေဆိုမည့်  ကျောင်းသား၊ ကျောင်းသူ (၂၄၄) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ