တောင်ငူ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ပိုင်းတိုင်းစစ်ဌာန၊ တောင်ငူတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တောင်ငူတပ်နယ်မှ အရာရှိ၊ စစ်သည်များသည် တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချသည်။
ထိုသို့ရောင်းချရာတွင် ကြက်ဥတစ်လုံး (၃၅၀)ကျပ်၊ ဘဲဥတစ်လုံး (၄၅၀)ကျပ်၊ ခေါက်ဆွဲတစ်ထုပ် (၁၅၀၀)ကျပ်၊ အားဖြည့်အချိုရည်တစ်ဘူး (၁၀၀၀)ကျပ်၊ ဘီစကစ်တစ်ထုပ် (၁၀၀၀)ကျပ်၊ ပဒုမ္မာဆပ်ပြာတစ်တောင့် (၇၅၀)ကျပ်၊ ငါးတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ တန်ဖိုးသင့်စားသောက်ကုန်ပစ္စည်းများနှင့် ဟင်းသီးဟင်းရွက်များကို စျေးနှုန်းချိုသာစွာ လာရောက်ရောင်းချခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)