သာယာဝတီ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အသက် ၁၈ နှစ်အောက် တိုင်းဒေကြီးဘောလုံးပြိုင်ပွဲ ပထမဆုရသူမျာအား လှိုက်လှဲစွာကြိုဆိုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ဇွန် ၁၄ ရက် နံနက် ၁၀ နာရီကကျင်းပခဲ့သည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးခင်မောင်ထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်သီတာနှင့်အဖွဲ့ဝင်များ၊၊ မြို့နယ်ပညာရေးရေးမှူး ဦးကျော်နိုင်နှင့်ပညာရေးဝန်ထမ်းများ၊ မွေးမြူရေးနှင့်စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးထွဋ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထင်အောင်ဦးနှင့်ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကြိုဆိုခဲ့ကြပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးခိုင်နှင့် ရပ်မိရပ်ဖများက ထပ်ဆင့်ဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)