ဟိုင်းကြီးကျွန်းမြို့ အ.လ.က(ခွဲ)ရွာသစ်ကျောင်း၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်

ဟိုင်းကြီးကျွန်း ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အ.လ.က(ခွဲ)ရွာသစ်၌ အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်ပုံသရုပ်ပြလေ့ ကျင့်ခြင်းကို ယနေ့နံနက်  ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်ဆန်းက အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်နှင့် လျှပ်စစ်ပစ္စည်းများဆိုပြီး(၄)မျိုးခွဲခြားထားကြောင်း ရှင်းလင်းပြောကြားကာ အမှိုက်ခွဲခြားစွန့်ပစ်ပုံကို သရုပ်ပြလေ့ကျင့်ခဲ့ကြသည်။

အဆိုပါ အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်ပုံ သရုပ်ပြလေ့ကျင့်နေရာသို့ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသန့်ဇော်လင်းနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ ကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/ဆရာမများ၊ ရပ်ကွက်နေပြည်သူများ လေ့လာခဲ့ကြကြောင်းသိရသည်။

လှိုင်မျိုးအောင်