စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမအကြိမ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

စလင်း ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊  စလင်းမြို့၊  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ  မိုးလုံလေလုံအားကစားခန်းမဆောင်တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  ပထမအကြိမ်  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို  ယမန်နေ့  မွန်းလွဲ  ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  စလင်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဦးအေးလင်းမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ  ကျင်းပပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ  မိမိတို့မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်  တိုက်ရှိ  စာအုပ်စာပေများအား  ကျောင်းသား၊ ကျောင်းသူများနှင့်  ပြည်သူထူထုအားလုံး  လေ့လာဖတ်ရှု  ဗဟုသုတရရှိစေမည့်  စာအုပ်ပေါင်းများစွာကို  နိုင်ငံတော်အစိုးရအဆက်ဆက်  ဖွင့်လှစ်တည်ထောင်ပေးခဲ့သည့်  ပညာဘဏ်တိုက်ကြီးတစ်ခုဖြစ်ကြောင်း  ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတများစွာရရှိစေသည့်အတွက် လာရောက်ဖတ်ရှုလေ့လာကြရန်  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်အသိပညာပေးအဖြစ်  မူးယစ်ဆေးဝါးအန္တရာယ်နှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများ အကြောင်းအရာများမှ၊ ဆေးလိပ်၊ ကွမ်းယာ၊ အရက်များကို စားသုံး၊ သောက်သုံးခြင်းကြောင့်  ဖြစ်ပွားတတ်သည့်ရောဂါ၊ ကျန်းမာရေးအကြောင်းများကို  ရှင်းလင်းပြောကြား  ရှောင်ကြဉ်ရန်အသိပညာပေး  ပြောကြားခဲ့ပြီးနောက်၊  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးဆန်းလင်းမောင်က စားသုံးသူရေးရာနှင့်ပတ်သက်သည့် အစားအစာများ၊ ထုတ်ပိုးကုန်ပစ္စည်းများ၊ အလေးချိန်၊ ကုန်အညွှန်းအမှတ်အသား၊ စားသုံးကုန်ပစ္စည်းများတွင် ရေရှည်ခံထားသိုရောင်းချရာတွင်  အသုံးပြုသည့် ဓာတုဆေးဝါးများနှင့်ပတ်သက်သည့်  ဆိုးကျိုးများ ကျန်းမာ ရေးထိခိုက်မှုများ ၊ ဘေးထွက်ဆိုးကျိုးများ ရှိစေနိုင်သည့်အကြောင်းအရာများနှင့် စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်ဆောင်ရွက်ရသည့်တာဝန် အချက်အလက်များကို  အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုမြို့နယ်ဦးစီးမှူး ဦးစိုးမိုးသူက ကျောင်းသား၊ ကျောင်းသူများအား စကားပြောတတ်သည့်အရွယ်မှအစပြု စာရေးစာဖတ်တတ်အောင် ကျောင်းသို့စေလွှတ်၍ ပညာသင်စေပြီး စာရေးစာဖတ်တတ်အောင်သင်ကြားသည်မှာ စာဖတ်တတ်ခြင်းအားဖြင့် ကလေးများသည်သူတို့၏အနာဂတကောင်းကျိုးကို ဖန်တည်းနိုင်စေရန် ရည်သန်သောကြောင့် စာဖတ်ရာတွင် အသိပညာဗဟုသုတတိုးပွားပြီး အတွေးအခေါ်ရင့်သန်စေရန် ရည်ရွယ်ချက်များ စာဖတ်ခြင်း၏  အကျိုးကျေးဇူးများအကြောင်းကို  ရှင်းလင်းပြောကြားကာ အသိအမြင်ဗဟုသုတပြည့်စုံကြွယ်ဝ၍   ခေတ်မှီနိုင်ငံတိုင်းတို့သည်  လူတိုင်းစာဖတ်သော  အလေ့အထပြန့်ပွားလာအောင်  တိုက်တွန်းနှိုးဆော်ပေးကြ၏၊  ထို့ကြောင့်  နိုင်ငံတကာတွင်  စာကြည့်တိုက်များ  အဓွန့်ရှည်တည်တံ့အောင်  ထူထောင်ခြင်းအလုပ်ကို အလေးထားဂရုပြုလုပ်ဆောင်ကြခြင်းဖြစ်ကြောင်းနှင့်  စာဖတ်ခြင်းအကျိုးများ  ပြည့်ပြည့်ဝဝရနိုင်ဖို့ရာ၌  စာဖတ်ရာတွင် နည်းစနစ်ကျဖို့လိုအပ်ကြောင်းများကို  အကျယ်တဝင့်  ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်ရေးရာ  အသိပညာပေးဟောပြောပွဲသို့   တက်ရောက်လာကြသည့်  ဆရာ၊ ဆရာမများ  ကျောင်းသား၊ ကျောင်းသူများမှ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြသထားသည့် မူးယစ်ဆေးဝါးများအန္တရာယ်အကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးသီးဌာနမှ ထုတ်ဝေသည့်  ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ  အသိပညာပေး လက်ကမ်းစာစောင်များအား  ဖြန့်ဝေခဲ့သည်၊ အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး  ဦးအောင်မြင့်ထွန်းနှင့်  ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ(၁၈၅)ဦး၊ တက်ရောက်ခဲ့ကြောင်း  သိရသည်။

မောင်လွင်(ပြန်/ဆက်)