ဓနုဖြူ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးရာသီအတွက် ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သည့် တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကဥ္စနကျွန်းသာကုမ္ပဏီလီမိတက်၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်က စိုက်ပျိုးရေးဆိုင်ရာများဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက် စိုက်ပျိုးရေးနှင့်ကန်ထရိုက်လယ်ယာတာဝန်ခံမန်နေဂျာ ဦးမင်းဇော်က စိုက်ပျိုးရေးနှင့် ကန်ထရိုက်လယ်ယာလုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ကဉ္စနကျွန်းသာ ကုမ္ပဏီလီမိတက်၊ ဓနုဖြူရုံးခွဲတိုက်နယ်ကြီးကြပ်ရေးမှူး အဖွဲ့ခေါင်းဆောင် ဦးဝင်းမြင့်က ကုမ္ပဏီနှင့် ကန်ထရိုက်လယ်ယာတောင်သူများ ပူးပေါင်းဆောင်ရွက်နေမှုများအား ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသော တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တောင်သူများအား စိုက်ပျိုးစရိတ်ငွေများထုတ်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကဉ္စနကျွန်းသာကုမ္ပဏီလီမိတက်မှ တာဝန်ရှိ သူများ၊ တောင်သူ၊ လယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်