မြို့သစ် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲမှ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရတနာခန်းမ)သို့ယမန်နေ့နံနက်ပိုင်းကရောက်ရှိ၍“ဥပဒေ”အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ရာမကွေးတိုင်းဒေသကြီး၊တရားဥပ ဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ အဖွဲ့ခေါင်းဆောင်တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ တရားလွှတ်တော်ရှေ့နေဦးစောဝင်းမောင်က သစ်တောဥပဒေနှင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးထားသည့် ဥပဒေများ၊ အဖွဲ့ခွဲအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီးဥပဒေအရာရှိဒေါ်မိသန္တာမြင့်က မကွေးတိုင်းဒေသကြီးတရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ မကွေးတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ကေသီရွှေက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စီမံခန့်ခွဲသောဥပဒေများ၊ အမှတ်(၁၅)ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့စုမှူး၊ ဒုတိယရဲမှူး၊ ရဲမှူး မင်းလွင်ကယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးပြောကြားကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့်စာရေးများ ဒေသခံပြည်သူများစုစုပေါင်း(၂၅၀)ဦးခန့်တက်ရောက်ကြောင်းသိရသည်။
သန်းဝင်းထွန်း