ကန့်ဘလူ ဇွန် ၁၄
ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များနှင့်ရာသီဥတု ကောင်းမွန်လာစေရေးတို့အတွက် အထောက်အကူပြုနိုင်ရေး၊ အရိပ်အာဝါသနှင့်အပူဒဏ်လျော့ချနိုင်ရေးတို့အတွက်ရည်ရွယ်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝန်းအတွင်း ယနေ့နံနက် ၇ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလင်းအောင်၊ မြို့နယ်သစ် တောဦးစီးဌာန တာဝန်ခံ ဦးထွန်းနောင်နှင့် တာဝန်ရှိသူတို့က တက်ရောက်လာသော ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများထံသို့ စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ကြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများက ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝန်းအတွင်း သတ်မှတ်နေရာ အသီးသီးတွင် တစ်ပျော်တစ်ပါးစိုက်ပျိုးကြသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်သစ်တောဦးစီးဌာနက စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၁၀၀၊ ဗန်ဒါပင် ၁၀၀၊ တမာပင် ၁၀၀၊ ယူကလစ်ပင် ၁၀၀၊ သင်္ဘောတယ်ပင် ၁၀၀ စုစုပေါင်း ၅၀၀ ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)