ရွှေတောင်မြို့နယ် အခြေခံပညာနှင့်စက်မှုစိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ရွှေတောင် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက  ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်  ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန(အနောက်ပိုင်း) ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူးတို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား/သူများ ပြည့်မီစွာ တက်ရောက်နိုင်ရေးနှင့် တက်ရောက်နေဆဲ ကျောင်းသား/သူများကို နှစ်ဆုံးထိ ပညာသင်ကြားရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများအတွက် ခေါက်ဆွဲခြောက် (၃၀၀)ထုပ်၊ ကြက်ဥ(၃၀၀)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)