ရွှေတောင်မြို့နယ်အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားကျင်းပ

ရွှေတောင် ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ဇွန်လ ၁၃ ရက်နံနက်ပိုင်းက ပညာ သင်ယူနိုင်မည့်အခွင့်အလမ်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန(အနောက်ပိုင်း)ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်ဦးစီးမှူးဦးအောင်စိုးမိုး၊ ရွှေ တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးတို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း အခြေခံပညာနှင့် စက်မှု၊စိုက်ပျိုး၊မွေးမြူရေးကျောင်းသား/သူများ ပြည့်မီစွာ တက်ရောက်နိုင်ရေးနှင့် တက်ရောက်နေဆဲကျောင်းသား/သူများကို နှစ်ဆုံးထိပညာသင်ကြားရန် ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပြီး ကျောင်းသား/သူများ၊ သင်ကြားရေးဆရာ/မများအတွက် ခေါက်ဆွဲခြောက် (၃၀၀)ထုပ်၊ ကြက်ဥ(၃၀၀)လုံး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)