သာယာဝတီ ဇွန် ၁၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသစိမ်းလန်းစိုပြည်လာစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်အကျိုးပြုသည့် ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက သာယာဝတီမြို့ရှိ မီးရထားလမ်းဘေးဝဲယာ မြေကွက် လပ်၌ကျင်းပသည်။
ဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား သစ်တောဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များက စိုက်ပျိုးမည့်ပျိုးပင်များ ဖြန့်ဝေပေးအပ်သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခင်မောင်ထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းဟိုတို့၏ဦးဆောင်မှုဖြင့် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်က သတ်မှတ်ထားသည့် မြေနေရာများတွင် အမြင့်နှစ်ပေအထက်ရှိ အပင်ပေါင်း(၃၀၀)ပင်ကို တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများ အားကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် အမြင့်နှစ်ပေအထက်ရှိ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ မဟော်ဂနီ၊ မန်ဂျန်ရှား ၊ ကုက္ကိုလ်နှင့် စိန်ပန်း စသည့် အပင်ပေါင်း(၃၀၀)ပင်ကိုစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)