ပဲခူး ဇွန် ၁၄
ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ ပဲခူးမြို့ ဟံသာဝတီဗုဒ္ဓဂါယာ(ရွှေဂူကြီး) ဘုရားဝန်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်စိုးစိုးသက်၊ တိုင်းဥက္ကဋ္ဌ ဒေါ်စန္ဒာထွေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ တက်ရောက်ကြပြီး စိန်ပန်းဝါ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ ခရေ၊ ကံကော်၊ ပိတောက်၊ ပျဥ်းမ၊ ငုရွှေဝါ၊ မယ်ဇယ် စသည့် သစ်ပင်မျိုးစိတ်(၉)မျိုး၊ ပျိုးပင်ပေါင်း (၇၅၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်