မြန်အောင်မြို့နယ် အ.ထ.က တာခွကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲ ကျင်းပပြုလုပ်

မြန်အောင် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စု၊ အ.ထ.က တာခွကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ​သော စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာဟောပြောပွဲကို ယမန်နေ့ နေ့လယ်ကကျင်းပပြုလုပ်ခဲ့သည်။

လူငယ်စကားဝိုင်းအခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင် (၂)ဦးမြင့်နိုင်က လူငယ်များစာအုပ်စာပေ၌နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်အလေ့ အကျင့်ကောင်းများဖြစ်လာစေရန်၊ ပညာဗဟုသုတပြည့်ဝ၍ အနာဂတ်တွင် နိုင်ငံတော်အတွက် ဦးဆောင်ဦးရွက်ပြုနိုင်သူများဖြစ်လာပြီး ဗလငါးတန်ပြည့်စုံသော လူငယ်များဖြစ်ရန်ကြိုးစားကြရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းများကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းတွင် ပြန်/ဆက်ဦးစီးအရာရှိဦးဇော်မင်းထွန်းဦးဆောင်၍ Grade-11မှ မောင်ဘုဏ်းထက်ကျော်က လူငယ်နှင့်အားကစား ၊ Grade-10 မှ မဆုဝေထိုက်က လူငယ်နှင့်စာရိတ္တ ၊Grade-10 မှ မောင်အာကာမင်းသန့်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည် ဖြေကြားခဲ့ကြသည်။

ဆက်လက်၍ လူငယ်ရေးရာဟောပြောပွဲကျင်းပပြုလုပ်ရာ ကျောင်းသား/ကျောင်းသူများအား  မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိဦးဇော်မင်းထွန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူးဦးမြင့်အောင်တို့က ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ကဏ္ဍအလိုက်အသိပညာပေးဟောပြောခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးမာက ကျေးဇူးတင်စကားပြန်လည် ပြောကြား၍စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော မူးယစ် ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသား/ကျောင်းသူများ က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

ဝင်းဗိုလ်(ပြန်/ဆက်)