သာပေါင်း ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က သီရိရွှေသာစျေးတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့တို့က စားသောက်ကုန်ပစ္စည်းများ၌ Formalin နှင့် တရားမဝင်ဆိုးဆေးများ အသုံးမပြုရန် အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စားသောက်ကုန်ပစ္စည်းများ၌ Formalin နှင့်တရားမဝင် ဆိုးဆေးများအသုံးမပြုရန် အသိပညာပေး စစ်ဆေးခြင်းများဆောင်ရွက်ကြရာတွင် ပုသိမ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးရဲဝင့်ပိုင် ဦးစီးအရာရှိ(အစားအသောက်)၊ ဒေါ်အေးအေးမြင့် ဒု-ကြီးကြပ်ရေးမှူး(အစားအသောက်)နှင့် ဒေါ်ကျော့ကျော့ခိုင်(ဓာတ်ခွဲကျွမ်းကျင်-၂)၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကိုကိုနေလင်းကြိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးထွန်းမင်းလတ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း(မိခင်နှင့်ကလေး ကျောင်းကျန်းမာအာဟာရ)၊ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့တို့က သီရိရွှေသာဈေးအတွင်းရှိ ကုန်စိမ်း၊ ကုန်ခြောက်ဆိုင်များရှိ စားသောက်ကုန်ပစ္စည်းများ၌ Formalin နှင့် တရားမဝင်ဆိုးဆေးများ အသုံးမပြုကြရန် အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး