ပခုက္ကူ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ “ဖိစီးမှုရှင်း သောကကင်း”စာအုပ်အကြောင်း စာပေဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး၊ အတွေးအခေါ်အယူအဆများမှန်ကန်စေရေး၊ စာအုပ်စာပေများချစ်မြတ်နိုးတတ်စေရေးတို့အတွက် အသိပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ဝန်ထမ်းများအနေဖြင့် စာအုပ်စာပေကောင်းများ ရှာဖွေလေ့လာဖတ်ရှုတတ်စေရန်၊ မိမိဖတ်ရှုလေ့လာထားသည့် စာပေကောင်းများအား ပြန်လည်ဆွေးနွေးမျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာပေဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်ဇာဇာလင်း(တွဲဖက်)က စာရေးဆရာ ဒေါက်တာတင်ထွန်းဦးရေးသားထုတ်ဝေထားသော “ဖိစီးမှုရှင်း သောကကင်း” စာအုပ်အကြောင်းဦးဆောင်ဆွေးနွေးရာ ပခုက္ကူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွဲဖက်ဝန်ထမ်းများက စာအုပ်ပါအကြောင်း အရာများနှင့်ပတ်သက်၍ မိမိအမြင်နှင့် ခံစားချက်များ၊ စာအုပ်၏အားသာချက်နှင့် အားနည်းချက်များ၊ လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့်သိမှတ်ဖွယ်ရာများတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)