ဘိုကလေးမြို့နယ်တွင် သဘာဝဘေးနှင့် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကူညီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်

ဘိုကလေး ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် သဘာဝဘေးများကျရောက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတို့ ဖြစ်ပွားပါက ရှာဖွေကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက် လေ့ကျင့်မှုအား ယနေ့နံနက် (၁၀) နာရီ အချိန်၌ ဘိုကလေးမြို့နယ်၊ ချိုကြည်သာသနာ့ဗိမာန်တော်တွင် ကျင်းပဆောင်ရွက်သည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ဒဏ်ရာရလူနာအား အရေးပေါ်ရှေးဦးသူနာပြုစုခြင်း၊ လူနာအားသယ်ယူခြင်း၊ ကြိုးဖြင့် ချိတ်ဆွဲ ကယ်တင်ခြင်း၊ အဆောက်အဦးအတွင်း ပိတ်မိလူနာအား ရှာဖွေကယ်ဆယ်ခြင်းတို့အား ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊ ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ တက်ရောက်ကြည့်ရှုူအားပေးခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနက ဇာတ်တိုက်လေ့ကျင့်မှုအပြီးတွင် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများအား အခမ်းအနားတက်ရောက်ကြသူများကို ခင်းကျင်းပြသ၍ သုံးစွဲနည်းများအား အသိပညာပေး ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မိုးစက် (ဘိုကလေး)