ရွှေဘိုတက္ကသိုလ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

​ရွှေဘို ဇွန် ၁၃

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်လည်မဂ္ဂဇင်း စာမူရှင်ဂုဏ်ပြုပွဲအခမ်းအနားကို ယ​မန်နေ့နံနက် ၁၀ နာရီချိန် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပြုလုပ်ရာ ​ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုးက အဖွင့်အမှာစကား​ပြောကြားရာ၊ စာ​ပေကိုမြတ်နိုးတန်ဖိုးထားပြီး စာဖတ်သည့်အ​လေ့အထများဖြစ်​ပေါ်လာ​စေရန်၊ စာ​ပေအနုပညာရှင်များ ​ပေါ်ထွက်လာ​စေရန် ရည်ရွယ်ခြင်းဖြစ်​ကြောင်း ​ပြောကြားခဲ့ပြီး၊ ဒုတိယပါ​မောက္ခချုပ်ဒေါက်တာတင်တင်ရီ၊ ဒေါက်တာမြယဥ်ယဥ်ငြိမ်းနှင့် ပါ​မောက္ခဌာနမှူး (မြန်မာစာ) ဒေါက်တာချိုချိုသန်းတို့က​လောင်ရှင်များအားအမှာစကားနှင့် အတူကျေးဇူးတင်ဂုဏ်ပြုပါ​ကြောင်း ​ပြောကြားခဲ့သည်။

ထို့​နောက် ပါ​မောက္ခချုပ်ဆရာမကြီး ​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ် ဆရာမကြီး ဒေါက်တာတင်တင်ရီနှင့်​ ဒေါက်တာမြယဥ်ယဥ်ငြိမ်းနှင့် တာဝန်ရှိသူများကစာမူရှင်များအား ဂုဏ်ပြုဆု​ငွေနှင့် အမှတ်တရလက်​ဆောင်များ ​ပေးအပ်ချီးမြှင့်ခဲ့ရာ ပါ​မောက္ခဌာနမှူး (သမိုင်း)​ဒေါက်တာသန်းသန်းဝင်းက က​လောင်ရှင်များကိုယ်စား​ ကျေးဇူးတင်စကား​ပြောကြားခဲ့သည်။

အခမ်းအနားသို့​ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊ ရွှေဘိုတက္ကသိုလ်ပါ​မောက္ခချုပ်ဆရာမကြီး​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ်ဆရာမကြီး​များ၊ ပါ​မောက္ခ (ဌာနမှူး) များ၊ ပါ​မောက္ခများ၊ တွဲဖက်ပါ​မောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများ၊​ စာမူရှင်များ၊ ကျောင်းသား​/ကျောင်းသူများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)