ဘိုကလေး ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ အခြေခံစားသောက်ကုန်ဆိုင်များ သတ်မှတ်ဈေးနှုန်းများနှင့် ရောင်းချရေး၊ ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် ယနေ့နံနက် (၉) နာရီခွဲ အချိန်၌ ဘိုကလေးမြို့နယ်ရှိ အခြေခံစားသောက်ကုန်ဆိုင်များသို့ တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများပါဝင်ဖွဲ့စည်းထားသည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့တို့ပူးပေါင်း၍ ဘိုကလေးမြို့ပေါ်မှ စားအုန်းဆီ ကိုယ်စားလှယ်ရယူလက်ခံရောင်းချသည့် အခြေခံစားသောက်ကုန်ဆိုင် (၃၇) ဆိုင်နှင့် ကြက်ဥ၊ ဘဲဥဆိုင်များ၊ အသားဆိုင်များသို့အရောက်သွား၍ ဈေးဆိုင်ပိုင်ရှင်များအား ကုန်စည်အလိုက် သတ်မှတ်ထားသည့် ဈေးနှုန်းနှင့် ရောင်းချနိုင်ရေး၊ ဈေးနှုန်းမြင့်မားစွာဖြင့် ရောင်းချမှုမရှိပဲ ကုန်ဈေးနှုန်းတည်ငြိမ်စွာဖြင့် ရောင်းချနိုင်ရေးတို့အား ကြပ်မတ်ဆောင်ရွက် လမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)