ပန်းတနော်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပန်းတနော် ဇွန်   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အမှတ် (၁)အခြေခံပညာ အထက်တန်း ကျောင်းတွင်ရောင်းချလျက်ရှိသော ကျောင်းမုန့်ဈေးဆိုင်များတွင် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချမှု မရှိစေရေးနှင့် ရောင်းချခြင်းရှိ၊ မရှိတို့ကို မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသီတာထက်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနနှင့် တာဝန်ရှိသူများက ယနေ့ နံနက် (၁၀)နာရီက  ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးသီတာ ထက်ကျောင်းမုန့်ဆိုင်များတွင် ရက်လွန်မုန့်များရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသားပါသည့် မုန့်များကိုသာရောင်းချရန်၊ ယင်နားစာများမဖြစ်စေရန်အတွက် သန့်ရှင်းသပ်ရပ်စွာ ဖုံးအုပ်ထားရန်၊ လက်အိတ်စသည်များဖြင့် သန့်ရှင်းစွာရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်းနှင့် ကျန်ရှိနေသော အခြေခံပညာကျောင်းများမှ ကျောင်းမုန့်ဈေးဆိုင်များအား ဆက်လက်စစ်ဆေးဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)