ဓနုဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး ကြဲခင်းစနစ် ပပျောက်ရေး(Drum Seeder)ဖြင့် စိုက်ပျိုးပွဲကျင်းပ

ဓနုဖြူ    ဇွန်   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး ကြဲခင်းစနစ် ပပျောက်ရေး(Drum Seeder) ဖြင့် စိုက်ပျိုးပွဲကို ယနေ့ ဇွန်လ ၁၃ရက်နေ့ နံနက်ပိုင်းက ရေလဲ ကျေးရွာအုပ်စု၊ တင်းကုပ်စုကျေးရွာ၌ ကျင်းပသည်။

အဆိုပါ မိုးစပါး ကြဲခင်းစနစ် ပပျောက်ရေး (Drum Seeder)ဖြင့် စိုက်ပျိုးပွဲကို ရေလဲကျေးရွာရှိ တောင်သူ ဦးအေးနိုင်၏ ကွင်းအမှတ်(၁၇၅)၊ ဦးပိုင် (၄၀/၂)တွင် အောင်နိုင်တိုး စပါးမျိုးစိုက် ပျိုးပွဲကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော် မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူဦးအေးနိုင်၏ လယ်ယာမြေအတွင်း မိုးစပါးကြဲခင်းစနစ် ပပျောက်ရေး(Drum Seeder)ဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)