ငပုတောမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးဓာတ်အားလိုင်းများ ပြုလုပ်ထိန်း သိမ်းခြင်းလုပ်ငန်းများဆောင်ရွက်

ငပုတော ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ပြည်သူများလျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးနှင့် ပြတ်တောက်မှုမရှိစေရေး၊ လျှပ်စစ်အန္တရာယ်မှကင်းဝေးစေ ရေးတို့အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်အင်ဂျီနီယာမှူး ဦးထက်ဝေယံအောင်နှင့် ဝန်ထမ်းများက ငပုတောမြို့ပေါ်ရပ်ကွက်များသို့ ဖြန့်ဖြူးပေးလျက်ရှိသော ၁၀၀ ကေဗွီ ဓာတ်အားလိုင်း၊ ၁၁ ကေဗွီ ဓာတ်အား လိုင်းအားလိုင်းများအား ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူးနှင့်ဝန်ထမ်းများ ဒေသခံပြည်သူများက လျှပ်စစ်ဓာတ်အား ပို့လွှတ်မည့် ဓာတ်အားလိုင်းကြိုးများနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မည့် ဓာတ်တိုင်၊ ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေးခြင်း၊ သစ်ပင်ခြုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်မှုမရှိစေရေး ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်သူ(ပြန်/ဆက်)