သံတောင်ကြီးဒေသတွင် ဇရစ်ရိုးများလိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

သံတောင်ကြီး ဇွန် ၁

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးဒေသသည်‌  တောင်ကုန်းတောင်တန်း ထူထပ်ပေါများသောဒေသ ဖြစ်ပြီးဥယျာဉ်ခြံလုပ်ငန်းများကို   အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ယခုသောမိုးတွင်းချိန်တွင်အလုပ် အကိုင်များရှားပါးလာခြင်း၊ သွားလာရန်ခက်ခဲခြင်းများကြောင့်  မိသားစုအပိုဝင်ငွေရရှိစေရန်အတွက်  ဥယျာဉ်ခြံအတွင်း ရှိချောင်းငယ်များ၏  ဘေးပတ်ဝန်းကျင်တစ်လျောက်နှင့်  လယ်ကွက်များတွင်သဘာ ဝအတိုင်းပေါက်‌ရောက်သည့်  ဇရစ်ရိုးများကို  လိုက်လံချိုးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း  သိရသည်။

ယခုအချိန်တွင် ရာသီအစားအစာတစ်မျိုးဖြစ်သည့် ဇရစ်ရိုးများပေါ်ချိန်ဖြစ်ပြီးဇရစ်ရိုးသည် ဒေသခံပြည်သူများကြိုက်နှစ်သက်သည့်အစားအစာဖြစ်ပြီးဟင်းချိုအဖြစ်ချက်ပြုတ်စားသုံးခြင်း၊ ပြုတ်၍သုတ်သုံးကြသည်။ ထို့ကြောင့်ဒေသခံပြည်သူများမှာ လိုက်လံချိုးယူကာ မိမိတို့ စားသုံးရန်အတွက်သော်လည်းကောင်း သံတောင်ကြီးမြို့ပေါ်ရှိ တခြားစားသုံးသူများထံသော်လည်းကောင်း ရောင်းချလျက်ရှိပြီး ဇရစ်ရိုး တစ်စည်းကို ကျပ် (၁၀၀၀)ရောင်းချရသည့်အတွက် အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

နော်နော်မူ