သာပေါင်း ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာ၌ ဇွန်လ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေဖုံး ထည့်သွင်းခြင်းသရုပ်ပြပွဲ၊ ကြဲခင်းပပျောက်ရေး(Drum Seeder)မျိုးစေ့ချကိရိယာပေးအပ်ပွဲနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား(RS)မျိုးစေ့ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှ အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က စိုက်ပျိုးရေးဆိုင်ရာများ တင်ပြခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးဝန်ကြီးဦးခင်မောင်ကြည်တို့က တောင်သူများအား မျိုးစေ့များပေးအပ်ကာ (Drum Seeder)ပေးများအပ်၍ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကျေးရွာ၊ တောင်သူ ဒေါ်လှမိုးခိုင်၊ ကွင်းအမှတ်(၈၁၅)၊ ဦးပိုင်အမှတ်(၂၇)၊ (၈)ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေဖုံး ထည့်သွင်းခြင်းကို ကြည့်ရှုအားပေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး မိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတတ်မြင့်မားရေးကော်မတီအတွင်းရေးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမြင့်လွင်နှင့် အဖွဲ့ဝင်တို့က ရုံးပင်ကျေးရွာအုပ်စု၊ ရိုးဝကျေးရွာတွင် တောင်သူများနှင့်တွေ့ဆုံကာ (NewAya-11)မျိုးစေ့များ ပေးအပ်ခဲ့ကြပြီး တောင်သူ ဦးဇော်ဝင်းထွန်း၊ ကွင်းအမှတ်(၂၁၄)၊ ဦးပိုင်အမှတ်(၈/၁)၊(၅)ဧကတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုး မြေဖုံးထည့်သွင်းသရုပ်ပြခြင်းအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး(ပြန်/ဆက်)