ကန့်ဘလူ ဇွန် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၃၀)ပြည့် အထိမ်းအမှတ်အဖြစ် မြို့နယ်မှူးရုံးမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲတွင် ကန့်ဘလူမြို့နယ်မှူးရုံးမှဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး မြို့နယ်ဦးစီးမှူး ဦးဖြိုးလျှံမြတ်နှင့် ဝန်ထမ်းများက အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများ ပေးအပ်ကြသည်။ ယင်းသွေးလှူဒါန်းမှုကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် တာဝန်ကျဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)