ကော့သောင်း ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မေလ (၁၃)ရက်နေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရုံးတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှခရိုင် ဦးစီးမှူးဦးကိုကိုနိုင်ကြီးကြပ်မှုဖြင့် လဝကမှူး ဦးဝေယံစိုး ဦးဆောင်သော ဝန်ထမ်းများသည် ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်တွင် မြေပြင် စာရင်းများမှကိုင်ဆောင်လက်မှတ်မရှိသူများအားပြန်လည်စိစစ်ခြင်း၊ ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် လိုအပ်သည့်အချက်အလက်များအားစိစစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ မှတ်ပုံတင်(လဲလှယ်)သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ခြင်း၊ UID ဆောင်ရွက်ပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)